ဒီနေ့မှာတော့ အဝတ်ဗီဒိုကို သန့်ရှင်းသပ်ရပ်နေအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
(1)အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးပါ။
တစ်ခါလောက်ဝတ်ပြီး မဝတ်ဖြစ်တော့မယ့် အရည်အသွေးမကောင်းတဲ့ အဝတ်အစားတွေကို ဝယ်နေမယ့်အစား အရည်အသွေးလည်းကောင်း၊ကိုယ်လည်း အမှန်တကယ်သဘောကျတဲ့ အဝတ်အစားတွေကိုပဲဝယ်ယူပါ။
(2)အဝတ်အစားများကို စုပြုံမထည့်ပါနဲ့။
ဗီဒိုထဲကို အဝတ်အစားတွေ စုပြုံထည့်ခြင်းဟာ အဝတ်အစားတွေကို ပျက်စီးဆုံးရှုံးနိုင်စေပြီး တစ်ခုခုကို ပြန်လည်ရှာဖွေချင်တဲ့အခါမှာလည်း အခက်တွေ့နိုင်ပါတယ်။
ရှုပ်ပွနေသလိုခံစားရပြီး အမြင်အရလည်းမတင့်တယ်ပါဘူး။
(3)အဝတ်အစားများကို သေချာအခြောက်ခံပြီးမှသာ ဗီဒိုထဲသို့ထည့်ပါ။
စိုစွတ်နေတဲ့ အဝတ်အစားတွေဟာ မှိုများဖြစ်ပေါ်ခြင်းနဲ့ အနံ့ဆိုးထွက်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်တာကြောင့် အဝတ်အစားများကို သေချာအခြောက်ခံပြီးမှသာ ဗီဒိုထဲသို့ ထည့်သင့်ပါတယ်ခင်ဗျာ။
(4)ရေငွေ့စုပ်ပစ္စည်းတစ်ခုခု ထည့်ပေးခြင်း
လေထုထဲမှာရှိတဲ့ ရေခိုးရေငွေ့လေးတွေကနေလည်း အဝတ်အစားတွေပေါ်မှာ မှိုများ ဖြစ်ပေါ်စေနိုင်တာကြောင့် ရေငွေ့စုပ်ယူနိုင်စွမ်းရှိတဲ့ ဆီလီကာဂျယ်အိတ်များကို ထည့်ထားပေးသင့်ပါတယ်။
(5)ပုံမှန် သန့်ရှင်းရေးပြုလုပ်ပေးပါ။
ကိုယ့်ရဲ့ဗီဒိုလေးကို (၃)လတစ်ခါ၊(၄)လတစ်ခါ အဆင်ပြေသလို ပုံမှန်သန့်ရှင်းရေးပြုလုပ်ပေးသင့်ပါတယ်။ကိုယ်နဲ့မတော်တော့၊မဝတ်ဖြစ်တော့တဲ့ အဝတ်အစားတွေကို ရှင်းထုတ်ပစ်လိုက်တာမျိုးလည်း ပြုလုပ်သင့်ပါတယ်။
Idea Home Furniture မှ မျှဝေပေးသွားတဲ့ အချက်တွေဟာ မိတ်ဆွေတို့ရဲ့အဝတ်ဗီဒိုတွေကို သန့်ရှင်းသပ်ရပ်နေအောင် ထိန်းသိမ်းကြရာမှာ တစ်စုံတစ်ရာ အထောက်အကူဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။
ခေတ်မီပြီး Luxury ဆန်တဲ့ Design များနဲ့ Wardrobe မျိုးစုံကိုလည်း Idea home မှာ ရောင်းချပေးနေတာဖြစ်တာကြောင့် စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။
Special Promotion များနဲ့ up to date design များကို ရရှိနိုင်ရန်အတွက်
Idea Home Viber channel groupလေးကို join ထားကြဖို့ မမေ့နဲ့နော်